အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်၊ တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၂၄.၁၀.၂၀၂၄ ရက်နေ့၊ ၀၉:၃၀ နာရီအချိန်တွင် ဒုတိယညွှန်ကြားရေးမှူး(ရုံးအဖွဲ့မှူး) ဦးဆန်းထွန်းဦး၊ ကလောခရိုင်တရားသူကြီး ဦးထင်ကျော်နှင့် ညောင်ရွှေမြို့နယ်တရားသူကြီး ဦးအောင်ရဲကျော်တို့လိုက်ပါလျက် ညောင်ရွှေမြို့မရဲစခန်းအားလည်းကောင်း၊ ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူး (ရုံးအဖွဲ့မှူး) ဦးဆန်းထွန်းဦး၊ တောင်ကြီးခရိုင်တရားသူကြီး ဒေါ်ဝေဝေလွင်နှင့် တောင်ကြီးမြို့နယ်တရားသူကြီး ဒေါ်သင်းသီရီဝင်းတို့လိုက်ပါလျက် ယင်းနေ့ ၁၃:၀၀ နာရီအချိန်တွင် ရွှေညောင်နယ်မြေရဲစခန်းအားလည်းကောင်း၊ ၁၃:၄၅ နာရီ အချိန်တွင် အေးသာယာနယ်မြေရဲစခန်းအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး ထိုသို့ ရဲစခန်းအချုပ်ခန်းများ စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြား နေမှုရှိ/မရှိ၊ အမှုများစစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သား များအား အချုပ်စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက် ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှုရှိ/မရှိ၊ အချုပ် စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှုရှိရေးစသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်