သီတင်းကျွတ် ဂါရဝပြုပွဲ ကျင်းပခြင်း
၉.၁၀.၂၀၂၄ ရက်နေ့၊ ညနေ(၁၅:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး တို့အား ပြည်နယ်တရားလွှတ်တော်ရှိ အရာထမ်း၊ အမှုထမ်းများ၊ တောင်ကြီးခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်များမှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၁၄၉)ဦးတို့က သီတင်းကျွတ်ကာလအခါသမယ တွင် ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် တရားသူကြီးချုပ် နှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူးတို့က ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ပြီး အခမ်းအနားကို ညနေ (၁၅:၄၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်