ရေဘေးသင့် ဝန်ထမ်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်းအခမ်းအနား ကျင်းပခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော် လက်အောက်ရှိ ကလောခရိုင်တရားရုံး၊ ကလော မြို့နယ်တရားရုံး၊ တောင်ကြီးခရိုင်တရားရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရေဘေးသင့် ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ၂၀.၉.၂၀၂၄ ရက်နေ့၊ ညနေ (၁၅:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်နန်းမေယဉ်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်အပါအဝင် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၂၉)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ကလောမြို့နယ်တရားရုံးအဆောက်အဦပြင်ဆင်ရန်အတွက် ငွေကျပ်-၁၄၀၀၀၀ဝိ/- ၊ ကလောခရိုင်တရားရုံးမှ ဒုတိယဦးစီးမှူး (၁)ဦးကို ငွေကျပ်-၆၀၀၀၀ဝိ/- ၊ ကလောခရိုင် တရားရုံးမှ အမှုထမ်း(၁)ဦးနှင့် ကလောမြို့နယ်တရားရုံးမှ အမှုထမ်း(၂)ဦးတို့အား တစ်ဦးလျင်ငွေကျပ်-၄၀၀၀၀ဝိ/-စီ ၊ တောင်ကြီးခရိုင်တရားရုံးမှ အမှုထမ်း(၃)ဦးတို့အား တစ်ဦးလျင်ငွေကျပ်-၁၀၀၀၀ဝိ/-စီ ၊ စုစုပေါင်း ငွေကျပ်-၃၅၀၀၀၀ဝိ/- ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်