သတင်းများ

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image Post Image Post Image

 

 

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း

                                                                                                        

                    ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ၁၄.၇.၂၀၂၄ ရက်နေ့၊ ၁၃:၀၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင်တရားသူကြီး ဦးရှိန်မြင့်နှင့် ကျိုင်းတုံမြို့နယ်တရားသူကြီး ဦးမဟာဗလတို့လိုက်ပါလျက် ကျိုင်းတုံ အကျဉ်းထောင်အားလည်းကောင်း၊ ဆက်လက်၍ ယင်းနေ့ ၁၅:၃၀ နာရီအချိန်တွင် ကျိုင်းတုံ မြို့မရဲစခန်းအားလည်းကောင်း၊ ၁၅.၇.၂၀၂၄ ရက်နေ့၊ ၁၀:၅၀ နာရီအချိန်တွင် မိုင်းယန်းခရိုင် တရားသူကြီး ဦးအောင်အောင်နှင့် မိုင်းယန်းမြို့နယ်တရားသူကြီး ဦးသီဟငြိမ်းတို့ လိုက်ပါလျက် မိုင်းယန်းမြို့မရဲစခန်းအားလည်းကောင်း၊ ယင်းနေ့ ၁၃:၅၀ နာရီအချိန်တွင် ကျိုင်းတုံခရိုင် တရားသူကြီး ဦးရှိန်မြင့်နှင့် မိုင်းခတ်မြို့နယ်တရားသူကြီး ဦးခန့်စည်သူတို့ လိုက်ပါလျက် မိုင်းခတ်မြို့မရဲစခန်းအားလည်းကောင်း၊ ၁၆.၇.၂၀၂၄ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် တာချီလိတ်ခရိုင်တရားသူကြီး ဦးစံမြင့်နှင့် မိုင်းဖြတ်မြို့နယ်တရားသူကြီး ဦးဝင်းမင်းဇော်တို့ လိုက်ပါလျက် မိုင်းဖြတ်မြို့မရဲစခန်းအားလည်းကောင်း ၊ ယင်းနေ့ ၁၅:၀၀ နာရီအချိန်တွင် မိုင်းယောင်းခရိုင်တရားသူကြီး ဦးညီညီထွန်းနှင့် မိုင်းယောင်းမြို့နယ်တရားသူကြီး ဦးနေရဲလင်း တို့လိုက်ပါလျက် မိုင်းယောင်းမြို့မရဲစခန်းအားလည်းကောင်း၊  ၁၈.၇.၂၀၂၄ ရက်နေ့၊ ၀၈:၁၅ နာရီအချိန်တွင် တာချီလိတ်ခရိုင်တရားသူကြီး ဦးစံမြင့်နှင့် တာချီလိတ်မြို့နယ်တရားသူကြီး ဦးဥက္ကာလင်းတို့လိုက်ပါလျက် တာချီလိတ်မြို့မရဲစခန်းအားလည်းကောင်း၊ ယင်းနေ့ ၀၉:၃၀ နာရီအချိန်တွင် ဟောင်လိတ်နယ်မြေရဲစခန်းအားလည်းကောင်း သွားရောက်စစ်ဆေးခဲ့ပြီး ထိုသို့ အကျဉ်းထောင်နှင့် အချုပ်စခန်းများ စစ်ဆေးခြင်းနှင့်ပတ်သက်၍ အကျဉ်းထောင်များ စစ်ဆေးရာတွင် အကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား / အကျဉ်းသူဦးရေ၊ ၎င်းတို့နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှုရှိ/မရှိ၊ သန့်ရှင်းသောသောက်ရေ/သုံးရေရရှိမှု အခြေအနေ၊ ဥပဒေပါအခွင့်အရေးအရ အယူခံ/ပြင်ဆင်တက်ရောက်မှု အခွင့်အရေးရရှိမှုရှိ/မရှိ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက် များနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက် စောင့်ရှောက်ပေးရေး၊ ဥပဒေပါအခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များရှိ/မရှိ၊  အချုပ်ခန်းများ  စနစ်တကျ  လုံခြုံမှုရှိရေး  စသည်များကို   စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း၊  ရဲစခန်းအချုပ်ခန်းများ စစ်ဆေးရာတွင် ရဲအချုပ်စခန်း၌ အချုပ်တရားခံများ ပိုမိုများပြားနေမှုရှိ/မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသောအခက်အခဲများကို မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ် စခန်းတွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမိုဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်စခန်းတွင်း အချုပ်သားများ ဥပဒေပါအခွင့်အရေးများရရှိမှုရှိ/မရှိ၊ အချုပ်စခန်းတွင်း အချုပ်သားများ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများရှိ/မရှိ၊ အချုပ်ခန်းများ စနစ်တကျ လုံခြုံမှု ရှိရေးစသည်များကို စစ်ဆေးကြည့်ရှုပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ