သတင်းများ

ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း
Post Image Post Image Post Image Post Image Post Image Post Image

ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပခြင်း

                    ရှမ်းပြည်နယ်တရားလွှတ်တော်၏ ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၁၃၈၆ ခု၊  ဝါဆိုလဆန်း (၇) ရက်၊ ၁၂.၇.၂၀၂၄ ရက် (သောကြာနေ့) နံနက် (၁၀:၃၀) နာရီအချိန်တွင် ရှမ်းပြည်နယ်တရားလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

                    အခမ်းအနားသို့ ရပ်တော်မူကျောင်းတိုက်မှ ပင့်ဖိတ်ထားသည့် ဆရာတော် သံဃာတော်(၅)ပါး ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ တောင်ကြီးခရိုင်/မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများနှင့် အမှုထမ်းများ၊ တိုက်ပွဲရှောင်လာ ကြသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တရားရုံးများမှ တရားရေးအရာရှိများနှင့် အမှုထမ်းများ တက်ရောက်ကြသည်။

                    အစီအစဉ်အရ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ဖွင့်လှစ် ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ ဟောကြားချီးမြှင့်တော်မူသည့် တရားတော်များအား  ကြည်ညိုစွာနာယူကြသည်။ ထို့နောက် ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်

နောက်ဆုံးရ သတင်း

နှစ်စဉ် အစီအရင်ခံစာ