သတင်းများ

အလှူငွေပေးအပ်ခြင်းနှင့် တိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပေးအပ်သည့်အခမ်းအနား ကျင်းပခြင်း
Post Image Post Image Post Image Post Image Post Image Post Image

အလှူငွေပေးအပ်ခြင်းနှင့် တိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများအား ထောက်ပံ့ငွေ၊ အခြေခံစားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းများ ပေးအပ်သည့်အခမ်းအနား ကျင်းပခြင်း

            ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်အတွင်းရှိ နယ်မြေများတွင် လတ်တလော ဖြစ်ပွားနေသည့်အခြေအနေများအရ တိုက်ပွဲရှောင်လာကြသည့် ကျောက်မဲခရိုင်တရားရုံး၊ ကျောက်မဲ မြို့နယ်တရားရုံး၊ နောင်ချိုမြို့နယ်တရားရုံး၊ သီပေါမြို့နယ်တရားရုံးများမှ အရာထမ်း၊ အမှုထမ်းများ အား ရှမ်းပြည်နယ်တရားလွှတ်တော်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တရားရုံးများ၊ အလှူရှင်များက ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံး ပစ္စည်းများပေးအပ်ပွဲအခမ်းအနားကို ၅.၇.၂၀၂၄ ရက်နေ့၊(၁၆:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ် တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်နန်းမေယဉ်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်အပါအဝင် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၄၄)ဦးနှင့် အလှူရှင်များဖြစ်ကြသည့် ဒေါ်ဝင်းသီတာ၊ ဦးဇော်မိုးနိုင်( တောင်ကြီး Group )၊ ဒေါ်သန္တာမင်း၊ ဦးဝင်းသော် (အေးသာယာ စက်မှုဇုန် ဥက္ကဌ) တို့ တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားတွင် အလှူရှင်များမှ လှူဒါန်းငွေများ ပေးအပ်လှူဒါန်းခဲ့ကြပြီးနောက် အရာထမ်း(၅)ဦးနှင့် အမှုထမ်း( ၁၁ )ဦးတို့ကို တစ်ဦးလျှင် ငွေကျပ်-၁၀၀၀၀ဝိ/- စီနှင့် ဆန်၊ ဆီစသည့် စားသောက်ကုန်များ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အခင်းဖျာစသည့် လူသုံးကုန် ပစ္စည်းများနှင့် လျှပ်စစ်ပေါင်းအိုး၊ လျှပ်စစ်ဒယ်အိုး(အနီ)၊ လျှပ်စစ်ရေနွေးအိုး၊ ပန်းကန် ခွက်ယောက်စသည့် မီးဖိုချောင်သုံးပစ္စည်းများအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

 

 

ရှမ်းပြည်နယ်တရားလွှတ်တော်