ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း
ရှမ်းပြည်နယ်တရားလွှတ်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာထမ်း၊ အမှုထမ်း များ၏သား/သမီးများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာသင်စရိတ်ထောက်ပံ့ကြေး ပေးအပ်ပွဲအခမ်းအနားကို ၃၁.၅.၂၀၂၄ ရက်နေ့၊ ညနေ (၁၅:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်တရား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ရှမ်းပြည်နယ်တရားလွှတ်တော် ပြည်နယ်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊ တရားလွှတ်တော်တရားသူကြီး ဒေါ်စန္ဒာအောင်၊ တရားလွှတ်တော်တရားသူကြီး ဦးအောင်သိန်း၊ တရားလွှတ်တော်တရားသူကြီး ဒေါ်နန်းမေယဉ်နှင့် ပြည်နယ်တရားရေးဦးစီးမှူး ဒေါ်စန္ဒာကျော်အပါအဝင် အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း(၅၅)ဦး တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တက္ကသိုလ်အဆင့်ကျောင်းသား/သူ(၆)ဦးကို တစ်ဦးလျှင်ငွေကျပ်-၆၀၀၀ဝိ/- ၊ အထက်တန်းအဆင့်ကျောင်းသား/သူ(၇)ဦးကို တစ်ဦးလျှင် ငွေကျပ်- ၅၀၀၀ဝိ/- ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၉)ဦးကို တစ်ဦးလျှင် ငွေကျပ်- ၃၆၀၀ဝိ/- ၊ မူလတန်းအဆင့် ကျောင်းသား/သူ(၂၀)ဦး၊ တစ်ဦးလျှင် ငွေကျပ်- ၃၀၀၀ဝိ/- ဖြင့် ကျောင်းသား/သူ စုစုပေါင်း(၄၂)ဦးအတွက် ငွေကျပ်-၁၆၃၄၀၀ဝိ/- ထောက်ပံ့ချီးမြှင့်ခဲ့ပါသည်။
ရှမ်းပြည်နယ်တရားလွှတ်တော်