သတင်းများ

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း
Post Image Post Image

အကျဉ်းထောင်နှင့် အချုပ်စခန်းများ သွားရောက်စစ်ဆေးခြင်း

          ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်သည် ပြည်ထောင်စုတရား စီရင်ရေးဥပဒေပုဒ်မ ၆၈ နှင့်အညီ ၁၀-၄-၂၀၂၄ ရက်နေ့ နံနက် (၀၈:၃၀) အချိန်တွင် တောင်ကြီး အချုပ်ထောင်နှင့် ညောင်ရွှေအကျဉ်းထောင်သို့သွားရောက်၍ ပြစ်ဒဏ်ကျခံနေရသည့် အချုပ်သား/သူ၊ အကျဉ်းသား/သူ ဦးရေ၊ ၎င်းတို့၏ နေထိုင်စားသောက်မှု အဆင်ပြေချောမွေ့မှု ရှိ-မရှိ ကျန်းမာရေး စောင့်ရှောက်မှုအခြေအနေ ကောင်းမွန်မှု ရှိ-မရှိ၊ သန့်ရှင်းသော သောက်ရေ/သုံးရေရှိမှု အခြေအနေ၊ ဥပဒေပါ အခွင့်အရေးအရ အယူခံ/ပြင်ဆင် တက်ရောက်မှု အခွင့်အရေးရရှိမှု ရှိ-မရှိ၊ ဥပဒေပါ အခွင့်အရေးဖော်ဖျက်ခံရမှု ရှိ-မရှိ အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး မေးမြန်းပြီးနောက် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်မှ ထောင်တာဝန်ခံအရာရှိများအား ပူပြင်းခြောက်သွေ့သော နွေရာသီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်အတိုင်း အထူးအလေးထား ဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

 

ရှမ်းပြည်နယ်တရားလွှတ်တော်