သတင်းများ

အချုပ်ထောင်သွားရောက်စစ်ဆေးခြင်း
Post Image

ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် သည် (၂၁-၅-၂၀၂၁)ရက်နေ့ နံနက်(၉:၀၀)နာရီတွင် တောင်ကြီးမြို့၊ အချုပ်ထောင်သို့ သွားရောက်စစ်ဆေးခဲ့ရာ တောင်ကြီးခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး ဒေါ်စန္ဒာအေး၊ ရှမ်းပြည်နယ်တရားလွှတ်တော်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီထွန်း၊ တောင်ကြီးခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးဇော်မင်းနှင့် တောင်ကြီးမြို့နယ် တရားရုံးမှ မြို့နယ်တရားသူကြီး ဒေါ်ခိုင်ခိုင်မိုးတို့ လိုက်ပါခဲ့ပြီး သက်ဆိုင်ရာ အချုပ် ထောင်တာဝန်ခံအရာရှိက လိုက်ပါရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ စစ်ဆေးရာ တွင် အချုပ်ထောင်၌ အချုပ်တရားခံများ ပိုမိုများပြားနေခြင်း ရှိ/မရှိ၊ ကိုဗစ်ကာလအတွင်း အမှုများ စစ်ဆေးရာတွင် ကြန့်ကြာနေရသော အခက်အခဲများကို မေးမြန်း၍ ပေါင်းစပ် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ အချုပ်သားများအား အချုပ်ထောင်တွင် ထိန်းသိမ်းထားရှိရေး၊ ကျန်းမာရေးအတွက် ပိုမို ဂရုစိုက်စောင့်ရှောက်ပေးရေး၊ အချုပ်ထောင်ထားရှိမှု အခြေအနေ၊ အချုပ်သားများ ဥပဒေ ပါ အခွင့်အရေးများ ရရှိမှုရှိ/မရှိ၊ အချုပ်ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ရှိ/မရှိစသည်များကို စစ်ဆေးကြည့်ရှုပြီး လမ်းညွှန်မှာကြားခဲ့ပါသည်။

ရှမ်းပြည်နယ်တရားလွှတ်တော်