တရားလွှတ်တော်

တရားသူကြီး ဒေါ်သူဇာအောင်

         ဒေါ်သူဇာအောင်ကို  ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ်  ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ခန့်အပ်ခဲ့ပါသည်။ ယခင်က သူမသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ဥပဒေလုပ်ထုံး လုပ်နည်းဌာန ညွှန်ကြားရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ သူမသည် ၁၉၆၅ ခုနှစ်တွင်မွေးဖွားခဲ့ပြီး၊ ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့၊ မဟာဥပဒေဘွဲ့များ ရရှိခဲ့ပါသည်။ သူမသည် တရားစီရင်ရေးလုပ်ငန်း တာဝန်များကို  တရားရေးဝန်ထမ်း အဆင့်(၄)အဖြစ် ၁၉၉၁ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ တရားစီရင်ရေးဆိုင်ရာ ရာထူးအဆင့်ဆင့်တွင်   ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊  ညွှန်ကြားရေးမှူး ရာထူး အဆင့်ထိ  ၃၅ နှစ် ကြာ တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အိမ်ထောင်မရှိသူတစ်ဦးဖြစ်ပါသည်။