တရားလွှတ်တော်

တရားသူကြီး ဦးအောင်မော်

            တရားသူကြီး ဦးအောင်မော်သည် ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီး တစ်ဦး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါသည်။ သူသည် ယခင်က ပြည်ထောင်စုတရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်အဖြစ် ၂၀၂၅ ခုနှစ်တွင် ခန့်အပ်ခံခဲ့ရသူ ဖြစ်ပါသည်။

          ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဦးအောင်မော်သည် ၁၉၆၅ ခုနှစ်တွင် မွေးဖွားခဲ့ ပါသည်။ သူသည် ဥပဒေဘွဲ့ကို ၁၉၉၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် စာပေးစာယူသင်တန်းမှ ရရှိခဲ့ ပါသည်။ သူသည် တရားလွှတ်တော်ရှေ့နေလက်မှတ်ကို ၂၀၂၆ ခုနှစ်တွင် ရရှိခဲ့ပါသည်။ သူသည် တရားစီရင်ရေးတာဝန်များကို တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် ၁၉၉၃ ခုနှစ်မှစတင်၍ တရား စီရင်ရေးလုပ်ငန်း၌ ထမ်းဆောင်ခဲ့ပြီး တရားသူကြီးရာထူးအဆင့်ဆင့်တွင် ပြည်ထောင်စု တရားသူကြီးချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန်အဆင့်အထိ နှစ်ပေါင်း (၃၂)ကျော် တာဝန်ထမ်းဆောင် ခဲ့ပါသည်။ သူသည် အိမ်ထောင်မရှိသူ ဖြစ်ပါသည်။