တရားသူကြီးဒေါ်စန္ဒာအောင်အား ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးအဖြစ် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့တွင် စတင်ခန့်အပ်ခဲ့ပါသည်။ သူမအား ယခင်ကပဲခူးတိုင်း ဒေသကြီးတရားရေးဦးစီးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၁၉ ခုနှစ်ခန့်က ခန့်အပ် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
ပြည်နယ်တရားလွှတ်တော်တရားသူကြီးဒေါ်စန္ဒာအောင်ကို ၁၉၆၁ ခုနှစ်တွင် မွေးဖွား ခဲ့ပါသည်။ သူမသည်ဉပဒေဘွဲ့ကို ၁၉၈၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ ထို့နောက် သူမသည် မဟာဉပဒေဘွဲ့ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။ သူမသည် တရားစီရင်ရေးတာဝန်များကို တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် ၁၉၈၅ ခုနှစ်မှ စတင်ဆောင်ရွက် ခဲ့ပြီး လုပ်သက်(၃၄)နှစ်ကျော်အတွင်း ရာထူးအဆင့်ဆင့်တိုးမြှင့်ခဲ့ပြီး ပဲခူးတိုင်းဒေသကြီးတရားရေး ဦးစီးမှူးရာထူးဖြင့် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော်တွင် ၂၀၁၉ ခုနှစ်အထိ ခန့်အပ်တာဝန် ထမ်းဆောင်ခဲ့ပါသည်။ သူမသည် အိမ်ထောင်မရှိ (အပျို) ဖြစ်ပါသည်။